Paung Sie Facility - Myanmar
  • အဖွင့်စာမျက်နှာ
  • ပင်မစာမျက်နှာ
  • ကျွနု်ပ်တို့ အကြောင်း
    • 'ပေါင်းစည်း'
    • ထုတ်ဝေပြီးသော စာတမ်းများ
  • လျှောက်ထားရန်
    • စံနှုန်းသတ်မှတ်ချက်များ
    • လျှောက်ထားမှုဆိုင်ရာ အဆင့်(၂)ဆင့်
    • လျှောက်လွှာပုံစံများ
  • ဆက်သွယ်ရန်

လျှောက်လွှာတင်ခြင်းနှင့်ဆိုင်သော အဆင့် (၂)ဆင့်

 PSF တွင် လျှောက်လွှာတင်ရာတွင် မည်သည့် စီမံကိန်းများ ရန်ပုံငွေရရှိနိုင်
မည်ကို ဆုံးဖြတ်ရာတွင် အဆင့် (၂)ဆင့် ရှိပါသည်။ 


မှတ်ချက်။ PSF တွင် လျှောက်လွှာအများအပြား လက်ခံရရှိထားပြီး
လျှောက်လွှာ အားလုံးအား ရန်ပုံငွေ မပံ့ပိုးပေးနိုင်ကြောင်း သတိချပ်
စေချင်ပါသည်။

လျှောက်လွှာမတင်မှီ ကျွနု်ပ်တို့ အဖွဲ့ အား ဖုန်းဖြင့်သော်၎င်း၊ အီးမေးလ်ဖြင့် 
သော်၎င်း ဦးစွာ ဆက်သွယ်ရန် တိုက်တွန်းလိုပါသည်။ 


PSF အဖွဲ့ ဝင်များမှ သင့်၏ အဆိုပြုလွှာ ရေးဆွဲခြင်းကို တိုးတက်စေရန်
အင်္ဂလိပ်ဘာသာဖြင့် သော်၎င်း၊ မြန်မာဘာသာဖြင့် သော်၎င်း၊ ကူညီပေး
လျက်ရှိပါသည်။
Picture

အဆင့် (၁)

Picture
ဆောင်ရွက်ရန် ။ သင်ဆောင်ရွက်မည့် စီမံကိန်း၏ အဆိုပြုလွှာနှင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှု သတင်းအချက်အလက်
ပေးပို့ခြင်း။


ဆောင်ရွက်မည့် စီမံချက်အဆိုပြုလွှာနှင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှု  ပုံစံသည် ကနဦး ဆန်းစစ်ခြင်းပြုလုပ်ရန်အတွက်
လိုအပ်သော သတင်းအချက်အလက်များကို ကောက်နှုတ်ထားခြင်း ဖြစ်သည်။ သင့်အနေဖြင့် ယခု ပုံစံများကိုသော်၎င်း ၊ သင်၏
ကိုယ်ပိုင် ပုံစံဖြင့်သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။ 
PSF အဖွဲ့သည် အဆိုပါအချက်များ ရေးသားဖြည့်သွင်းရာတွင်
အကူအညီပေးနိုင်ပါသည်။ 


ကနဦးဆန်းစစ်ခြင်းများ ပြုလုပ်ပြီးသည့်နောက်တွင် သင်ပေးပို့သော သတင်းအချက်အလက်များနှင့် ပတ်သက် ပြီး ကျွန်ုပ်တို့
အနေဖြင့် သင့်အား အောက်ပါတို့အနက်မှ တစ်ခုခုကို အကြံပြုပါလိမ့်မည်။ -

က) သင်၏ စီမံကိန်းသည် ကျွန်ုပ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းပြီး ကျွန်ုပ်တို့အနေဖြင့် သင့်ထံမှ ထပ်မံ ပြင်ဆင်ဖြည့်စွက်ထား
       သည့် အဆိုပြုလွှာ အပြည့်အစုံကို လက်ခံလိုပါသည်။

ခ) သင်၏ စီမံကိန်းအား ကျွန်ုပ်တို့အနေဖြင့် ရန်ပုံငွေ မပံ့ပိုးပေးနိုင်ပါ။

အဆင့် ( ၂ )

Picture
ဆောင်ရွက်ရန်။  ဖိတ်ခေါ်ခံရပါက အဆိုပြုလွှာ အပြည်အစုံပေးပို့ခြင်း။

PSF အား အဆိုပြုလွှာ အပြည့်အစုံတစ်စောင် ပေးပို့ပါ။ ကျွန်ုပ်တို့၏ အဆိုပြုလွှာ အပြည့်အစုံ ရေးသွင်းရ မည့်ပုံစံသည်  သင့်ထံမှ
လိုအပ်သော သတင်းအချက်အလက်များကို ကောက်နှုတ်ထားခြင်းဖြစ်သည်။ သင့် အနေဖြင့် ယခုပုံစံကိုသော်လည်းကောင်း၊  
ကျွန်ုပ်တို့ သိရှိလိုသော သတင်းအချက် အလက်များအားလုံး သင် ၏ ကိုယ်ပိုင်ပုံစံတွင် ပါဝင်နေသော်လည်းကောင်း၊
ကြိုက်ရာပုံစံကို အသုံးပြုနိုင်ပါသည်။


PSF စီမံခန့်ခွဲရေးအဖွဲ့သည့် အဆိုပါအချက်များ ရေးသားရာတွင် အကူအညီပေးနိုင်ပါသည်။ PSF စီမံခန့်ခွဲ ရေးအဖွဲ့သည်
ဤအဆင့်တွင် သင်၏အဆိုပြုလွှာတွင် သီးခြားပြောင်းလဲဖြည့်စွက်ချက်များကို မေးမြန်းပါလိမ့် မည် - 

အဆုံးသတ် ဆန်းစစ်ခြင်းများ ပြုလုပ်ပြီးနောက်ပိုင်းတွင် သင့်အား အောက်ပါတို့အနက်မှ တစ်ခုခုကို အကြံပြု ပါလိမ့်မည်။ 
က) သင်၏ စီမံကိန်းအား ရန်ပုံငွေပံ့ပိုးပေးမည်ဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖော်ရန် သဘော တူညီချက် လက်မှတ်ရေး
       ထိုးပါမည်။ 

ခ) သင်၏ အဆိုပြုလွှာအား ပြင်ဆင်ဖြည့်စွက်ရန်များ လိုအပ်နေပါသည်။
ဂ) သင်၏ စီမံကိန်းအား ကျွန်ုပ်တို့အနေဖြင့် ရန်ပုံငွေ မပံ့ပိုးပေးနိုင်ပါ။

သင်ရန်ပုံငွေ ရရှိခဲ့လျှင်

Picture
ဆောင်ရွက်ရန်။ အောင်မြင်ခဲ့လျှင် လုပ်ငန်းအကောင်အထည်ဖော်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း။

သင်၏ စီမံကိန်းသည် အဆင့် (၂)တွင် အောင်မြင်ခဲ့ပါက သင့်အားလုပ်ငန်းအကောင်အထည်ဖော်ရန်အတွက်သဘောတူညီချက်
လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ပါလိမ့်မည်။ သဘောတူညီချက်တွင် စီမံကိန်းမှ ရရှိလာမည့် ရလဒ်များအတွက်လျာထားချက်များ၊
ရန်ပုံငွေချထားပေးမည့် ကာလအပိုင်း အခြားများ၊ သင်၏ စီမံကိန်းကို စနစ်တကျဖြစ်စေရန် စောင့်ကြည့်ကြတ်မတ်ခြင်းနှင့်
အစီရင်ခံစာတင်သွင်းခြင်းများ ပါဝင်ပါလိမ့်မည်။ 

လျှောက်လွှာတင်ရန် အသင့်ဖြစ်ပြီလား။ 

အကယ်၍ သင်၏စီမံချက်သည်  ကျွန်ုပ်တို့ ၏ စံနှုန်းသတ်မှတ်ချက်များနှင့်ကိုက်ညီပြီဆိုပါဤနေရာတွင်လျှောက်လွှာများရယူနိုင်ပါသည်။ 
ဤ ပုံစံများ အား အသုံးပြုနိုင်သလို သင်ကိုယ်ပိုင်ပုံစံဖြင့်လည်းပြင်ဆင်ပေးပို့နိုင်ပါတယ်။
info@paungsiefacility.org
အမှတ် ၁၂ ဂျီ၊ အင်းယားလမ်း၊ ကမာရွတ်မြို့ နယ်၊ ရန်ကုန်မြို့ ။

  • အဖွင့်စာမျက်နှာ
  • ပင်မစာမျက်နှာ
  • ကျွနု်ပ်တို့ အကြောင်း
    • 'ပေါင်းစည်း'
    • ထုတ်ဝေပြီးသော စာတမ်းများ
  • လျှောက်ထားရန်
    • စံနှုန်းသတ်မှတ်ချက်များ
    • လျှောက်ထားမှုဆိုင်ရာ အဆင့်(၂)ဆင့်
    • လျှောက်လွှာပုံစံများ
  • ဆက်သွယ်ရန်