အဖွဲ့ အစည်းတံဆိပ်ကျွနု်ပ်တို့၏ အဖွဲ့အစည်းတံဆိပ်သည် မြန်မာနိုင်ငံသားများအားလုံး၏
တူညီသော နေ့စဉ်လူမှု ဘ၀များ၏ အမှတ်သင်္ကေတများဖြစ်သည့် စိမ်းလန်း စိုပြေသော ကျေးလက် အလှအပများ၊ ရိုးရာဝတ်စား ဆင်ယင်မှုဒီဇိုင်းများ၊ သက်ကယ်မိုးရိုးရာအိမ်များ အစရှိသည်တို့ကို ဖော်ဆောင် ထားပါသည်။ အဖွဲ့အစည်းတံဆိပ်များ အရောင်စုံ အသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ထွန်းလင်းတောက်ပသော အနာဂတ်ကို ကိုယ်စားပြုပါသည်။ |
ကျွနု်ပ်တို့ ၏ အဖွဲ့ အစည်းအမည် ~ ပေါင်းစည်းကျွနု်ပ်တို့၏ မိတ်ဆွေများ၊မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် PSF ဟု သိရှိ
ထားသည့်၊ မြန်မာဘာသာအားဖြင့် ပေါင်းစည်းလုပ်ငန်းအဖွဲ့သည် လူ့အဖွဲ့ အစည်းတွင်း ပေါင်းစည်းညီညွတ်ရေး (သို့) သဟဇာတဖြစ်စွာ နေထိုင်ကြ သည့် လူ့အဖွဲ့အစည်း ဖြစ်တည်ရေးကို အထောက်အကူပြုရန် မျှော်မှန်းပါ သည်။ |
ကျွနုပ်တို့ ၏ အခြေခံမူဝါဒများပေါင်းစည်းလုပ်ငန်းအဖွဲ့အနေဖြင့် လုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများ
စွာဖြင့် ပူးပေါင်း ဆောင်ရွက်ပါသည်။ PSF ၏ အကူအညီဖြင့် စီမံချက်လုပ်ငန်း များကို ဆောင်ရွက်နေကြသူများသည် မိတ်ဖက်အဖွဲ့အစည်းများဖြင့် လုပ်ငန်း များဆောင်ရွက်နိုင်ရေး၊ ဆက်ဆံရေးများ အတူတကွ တည်ဆောက်နိုင်ရေး အစရှိသည့် ကျွနု်ပ်တို့၏ ရည်မှန်းချက်များ ပေါက်မြောက်စေရေးအတွက် အဓိကသော့ချက်ဖြစ်ပါသည်။ ကျွနု်ပ်တို့ဆောင်ရွက်သော လုပ်ငန်းများ၊ ဆောင်ရွက်ချက်များ အတွက် အဓိကအခြေခံမူများ ထားရှိပါသည်။ |
ကျွနု်ပ်တို့ ၏
|
PSF ကို စတင်ဖွဲ့စည်းသည့် ၂၀၁၄ ခုနှစ်မှစ၍ မိတ်ဖက်အဖွဲ့အစည်းပေါင် ၇၅ ဖွဲ့ကျော်ဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ
ဆောင်ရွက်လျက်ရှိပါသည်။ အောက်ပါ အဖွဲ့များသည် ပြောင်းလဲမှုကို ဖော်ဆောင်သော ကြိုးပမ်းမှုများအနက်မှ တစ်ချို့ ဖြစ်ပါသည်။ |