Paung Sie Facility - Myanmar
  • အဖွင့်စာမျက်နှာ
  • ပင်မစာမျက်နှာ
  • ကျွနု်ပ်တို့ အကြောင်း
    • 'ပေါင်းစည်း'
    • ထုတ်ဝေပြီးသော စာတမ်းများ
  • လျှောက်ထားရန်
    • စံနှုန်းသတ်မှတ်ချက်များ
    • လျှောက်ထားမှုဆိုင်ရာ အဆင့်(၂)ဆင့်
    • လျှောက်လွှာပုံစံများ
  • ဆက်သွယ်ရန်

Covid-19 ကာလတွင်း Do No Harm ဆောင်ရန်/ရှောင်ရန်အချက်များ

​​COVID-19 အကြပ်အတည်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးပိုင်းဆိုင်ရာများကို အကြီးအကျယ်        သက်ရောက်မှုရှိခဲ့သည်။ အသစ်ထွက်ပေါ်လာသော စိန်ခေါ်မှုများကိုရင်ဆိုင်ရန် ကျွန်ုပ်တို့ လုပ်ငန်းဆောင်တာများလုပ်ဆောင်ပုံများကိုလည်း လိုက်လျောညီထွေစေရန် ပြောင်းလဲကြရမည်ဖြစ်သည်။
 
PSF ၏ပံ့ပိုးမှုဖြင့် RAFT သည်မြန်မာနိုင်ငံအတွင်းရှိ COVID-19 အကြပ်အတည်းကာလများကိုကိုင်တွယ်ဖြေရှင်းမည့်အကောင်အထည်ဖော်ရေးအေဂျင်စီများ၊ အလှူရှင် အဖွဲ့အစည်းများ၊ မူဝါဒချမှတ်သူများနှင့် လူမှုအဖွဲ့အစည်းများအားလုံးအတွက် လမ်းညွှန်ချက်များစွာကို ရေးသားခဲ့ပါသည်။
 
ဤ “Do No Harm” ဆောင်ရန် ရှောင်ရန် များကို လိုက်နာခြင်းကြောင့် အရေးပေါ်တုန့့်ပြန်ဆောင်ရွက်မှုများ နှင့် စီမံကိန်းလုပ်ငန်းများလုပ်ဆောင်ရာတွင် ပြောင်းလဲနေသောရေခံမြေခံကို သိနားလည် ကာ ၎င်းတို့ကိုထည့်သွင်း.  စဉ်းစားဆောင်ရွက်ခြင်း ၊ မရည်ရွယ်သော ထိခိုက်မှုများ သို့မဟုတ် တင်းမာမှုများ ဖြစ်ပေါ်မှုကို လျှော့ချခြင်းနှင့် ဖြစ် နိုင်ပါကငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဆိုင်ရာ အခွင့်အလမ်းများကို ပိုမိုချဲ့ထွင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။
COVID-19 Dos and Don'ts MM.pdf
File Size: 328 kb
File Type: pdf
Download File

COVID-19 Dos and Don'ts Summary MM.pdf
File Size: 185 kb
File Type: pdf
Download File

COVID-19 Dos and Don’ts EN.pdf
File Size: 206 kb
File Type: pdf
Download File

COVID-19 Dos and Don'ts Summary EN.pdf.pdf
File Size: 128 kb
File Type: pdf
Download File


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက် အရပ်ဘက်လူမှု အဖွဲ့ အစည်းများ၏ ပါဝင်ပံ့ပိုးမှုများအား ဖွင့်လှစ်ဖော်ထုတ်ခြင်း

Picture
Picture
Source: Frontier
" ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အရပ်ဘက်လူမှု အဖွဲ့  
 အစည်းပါဝင်စေခြင်းဖြင့် ရေရှည်ကြာ တည်တံ့သော
 ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေသည်။"

ငြိမ်းချမ်းရေး အတွက် အရပ်ဘက်လူမှု အဖွဲ့ အစည်းများ၏ ပါဝင်ပံ့ပိုးမှုများအား ဖွင့်လှစ်ဖော်ထုတ်ခြင်း။
" ကျွန်တော်တို့ အတူ တွဲမလုပ်ဘူးဆိုရင် ကျွန်တော်တို့ 
ခရီးရောက်မှာ မဟုတ်ဘူး...ကျွန်တော်တို့ ကိုယ်တိုင်က
ကျွန်တော်တို့ အတွက် အကြီးမားဆုံး အဟန့် အတား
ြ​ဖစ်နေတယ်။"
လွိုင်ကော်မြို့ မှ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ အစည်း၏
ကိုယ်စားလှယ်။
" ကျွန်တော်တို့ ရဲ့  သဘောထားတွေကို ကျွန်တော်တို့ပိုပြီး အားကောင်းကောင်းနဲ့ ထုတ်ဖော်နိုင်တယ်။ အရေးကြီးတဲ့
 ပြသနာတွေ တွေ့ လာရင် ကျွန်တော်တို့ ရဲ့သဘောထားတွေ
အတူတူဘဲဆိုတာ ပြနိုင်တယ်။ "
ရန်ကုန်မြို့ မှ တက်ကြွလှုပ်ရှားသူ။ 
လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုက မြန်မာနိုင်ငံရှိ အရပ်ဘက် လူမှုအဖွဲ့အစည်း၏ လုပ်ငန်းများ ရပ်တန့်သွား ခဲ့သည်ဟု ဆိုပါသည်။ယခုအခါ ၂၀၁၀ ပြည့်နှစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ  စတင်ခဲ့သည့် နောက်ပိုင်း မြန်မာနိုင်ငံ တစ်ဝန်းတွင် အရပ်ဘက် လူမှု အဖွဲ့အစည်းများ (CSOs) ၏ ကွဲပြားခြားနားသော နမူနာ ပုံစံတစ်ရပ် တစ်ဟုန်ထိုး
တိုးပွားလာခဲ့ပါသည်။ ယင်းတို့    အနက် အများအပြားမှာ ၎င်းတို့၏ ပြည်သူ များအတွက် ဆယ်စုနှစ်နှင့်ချီ၍
လက်နက်ကိုင် ပဋိပက္ခနှင့် လူမှုအသိုင်းအ၀ိုင်းများအကြား ပဋိပက္ခများ ကြုံတွေ့ခဲ့ရသည့် နိုင်ငံတစ်ခုအတွင်း
ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ကြိုးပမ်းရာတွင် အရေးပါသော ဆောင်ရွက်ချက်များဖြင့် အထောက်အကူ
ပြုနိုင်ခဲ့ပါသည်။
 
ယင်းဆောင်ရွက်ချက်များမှာ အရပ်ဘက် လူမှုအဖွဲ့အစည်း အလိုက် ကွဲပြားခြားနားပါသည်။ ဥပမာ အချို့ က တရားဝင် အမျိုးသား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင် လုပ်ဆောင်နိုင်ရန် ကြိုးပမ်းကြသကဲ့သို့
အချို့ က အောက်ခြေတွင် အလွတ်သဘော လုပ်ဆောင်ကြပါသည်။ PSF မှ ဤ ဆွေးနွေးချက် စာတမ်း သည်
ငြိမ်းချမ်းသာယာသော မြန်မာနိုင်ငံ ဖြစ်လာရေးအတွက် လုပ်ကိုင်ဆောင်ရွက် နေသူများ၏ ကြိုးပမ်း အားထုတ်မှုများကို ပို၍နက်နက်နဲနဲ သိရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၊ မြို့များနှင့် ကျေးရွာများတွင်
သုတေသန ပြုချက်များအပေါ် အခြေခံထားပါသည်။ ယင်းမှာ ပြည့်ပြည့်စုံစုံ ခြုံငုံသုံးသပ်ချက် တစ်ခုအနေထက်
ရှေ့ လျှောက် အလားအလာရှိမည့် နည်းလမ်းများ အကြောင်း ဆွေးနွေးရေးအတွက် လှုံ့ဆော်ပေးရန် ရည်ရွယ်သော
လျှပ်တစ်ပြက် အတိုချုပ် ဖော်ပြချက်သာ ဖြစ်ပါသည်။
 
မြန်မာနိုင်ငံရှိ အရပ်ဘက် လူမှုအဖွဲ့အစည်း၏ တစ်စတစ်စ တိုးတက်ပြောင်းလဲလာမှုမှ စတင်၍ နိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် ကြိုးပမ်းရာတွင် အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၏ အခန်းကဏ္ဍနှင့် လုပ်ဆောင်ချက်များကို Thania Paffenholz ရေးဆွဲခဲ့သော လေ့လာမှုဆိုင်ရာ မူဘောင်တစ်ခုကို အသုံးပြု၍ ဆက်လက်လေ့လာ
ဆန်းစစ်ပါသည်။ ထို့နောက်  မြန်မာနိုင်ငံတစ်ဝန်း ဆက်လက် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းအချို့ ၏ အနီးကပ်
မြင်ကွင်းကို ဖော်ပြသည့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ၏ ဖြစ်ရပ်လေ့လာချက်များကို တင်ပြထားပါသည်။
 
 ဤ ဆွေးနွေးချက် စာတမ်း သည် ဆက်လက်၍ ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးရေးအတွက် အစပျိုး ခြေလမ်း ဖြစ်လာရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ သင်တို့မေးမြန်းလိုသည့် မေးခွန်းများနှင့် သဘောထားမှတ်ချက်များကို ကျွန်ုပ်တို့
လှိုက်လှဲစွာ ကြိုဆိုပါသည်။ analysis@paungsiefacility.org

#အရပ်ဘက်လူမှုအဖွဲ့အစည်း #ငြိမ်းချမ်းရေးတည်ဆောက်မှု #ငြိမ်းချမ်းရေး #မြန်မာနိုင်ငံ #ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေး #လူမှုရေးပေါင်းစည်းညီညွတ်မှု#ပဋိပက္ပချုပ်ငြိမ်းရေး #ဘာသာပေါင်းစုံညီညွတ်မှု

UCSPM Paper ENG - High Res.pdf
File Size: 26575 kb
File Type: pdf
Download File

UCSPM Paper MMR-High Res.pdf
File Size: 41541 kb
File Type: pdf
Download File

Infographic ENG.pdf
File Size: 794 kb
File Type: pdf
Download File

UCSPM Paper ENG - Low Res.pdf
File Size: 6670 kb
File Type: pdf
Download File

UCSPM Paper MMR - Low Res.pdf
File Size: 9967 kb
File Type: pdf
Download File

Infographic MMR.pdf
File Size: 628 kb
File Type: pdf
Download File


မြန်မာ့လူငယ်နှင့် နေ့စဉ်ငြိမ်းချမ်းရေး - မြန်မာ့လူငယ်များ၏ အသုံးမပြုရသေးသော အစွမ်းအစများကို မြှင့်တင်ခြင်း

Picture
“ဒီနေ့ လူငယ်တွေဟာ မြန်မာနိုင်ငံကို အမွေဆက်ခံရမှာပါ။ လူငယ်တွေဟာ အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
တွေမှာပါဝင် ဆောင်ရွက်နိုင်မှ သာလျင်၊ တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်များကို ပြင်ဆင်မွေးထုတ်ပေး
နိုင်မှာ ဖြစ်ပါတယ်”
လူငယ်ဦးဆောင်သော NGO ၏တည်ထောင်သူ လူငယ် (အမျိုးသား)
“ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ လူငယ်တွေကို
ဘယ်လိုမျိုး သဘောထားတယ်ဆိုတဲ့ အဓိပ္ဗါယ်ဖွင့်ဆို
ချက် အသစ်တစ်ခု ဒီအချိန်မှာ အထူးလိုအပ်နေပါ
တယ်။ လူငယ်တွေမှာ သူတို့လူချင်တဲ့ အနာဂတ်ကို
ဖန်တီးခွင့်နဲ့ သူတို့မြင်တွေ့ချင်တဲ့ ငြိမ်းချမ်းရေးကို
ကိုယ်တိုင်ဒီဇိုင်းဆွဲဖို့ အခွင့်အရေး အပြည့်အဝ
ရှိပါတယ်”
သဉ္ဖာရွှန်းလဲ့ရည် (အမျိုးသမီး)၊ ရန်ကုန်လူငယ်ကွန်ရက်၏ ဥက္ကဌ နှင့် (အမျိုးသားလူငယ်ကွန်ဂရက်) (NYC) ၏ အထွေထွေအတွင်းရေးမှူး
Picture
“PSF ၏စာတမ်းဖြစ်သော မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (YPS) သည် မြန်မာ့လူငယ်နှင့် နေ့စဉ်ငြိမ်းချမ်းရေး၊ မြန်မာ့လူငယ်များ၏ အသုံးမပြုရသေးသောအစွမ်းအစများကို မြှင့်တင်ခြင်း၊
မြန်မာ့အသွင်ကူးပြောင်းရေးကာလတွင် လူငယ်တို့၏ အမျိုးမျိုးသောပါဝင်မှုကို အသိအမှတ်ပြု
ပါသည်။ ဤစာတမ်းသည် ပါဝင်ပတ်သက်သူများအား ထိရောက်သောဆွေးနွေးမှုကို စတင်သွား
စေရန် နည်းလမ်းများကို နားလည်နိုင်ပြီး တီထွင်ဖန်တီးတတ်သော ခေါင်းဆောင်များပေါ်ထွက်လာ
မည့် မျိုးဆက်တစ်ခု ဖြစ်ပေါ်လာစေရန် နည်းဗျူဟာများနှင့် လက်တွေ့ကျသော အကြံဉာဏ်များကို
တင်ပြထားပါသည်။ ဤစာတမ်းသည် လူငယ်များအား ကမ္ဘာတစ်ဝှမ်း၌ ပဋိမက္ခများ ဖြေရှင်းရန်
ကြိုးပန်းမှုများတွင် ဗဟိုချက်အရဖြင့် ပထမဆုံး အသိအမှတ်ပြုသည့် ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၂၅၀ ၏ နှစ်နှစ်မြောက်ကိုလည်း ဂုဏ်ပြုသည့် စာတမ်းဖြစ်သည်။

ယနေ့ အချိန်အခါတွေ ပြုလုပ်သော ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်မှုများကို မြန်မာ့လူငယ်များမှ အမွေဆက်ခံရမည်ဖြစ်ပြီး၊ ၎င်းတို့သည် နိုင်ငံရှိ ရပ်ရွာလူထုအတွင်းနှင့် ရပ်ရွာလူထုတို့အကြား
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်မျာကို ထိရောက်စွာပုံဖော်နေကြပါသည်။

ဤစာတမ်းသည် မြန်မာ့နိုင်ငံရေးကူးပြောင်းကာလ၌ ၂၀၁၁ မှ စ၍လူငယ် အမျိုးသား၊ အမျိုးသမီးနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ အခွင့်အလမ်းများနှင့် အတားအဆီးများကို စိစစ်ပြီး
ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် လူငယ်ပါဝင်မှု အခြေအနေအပ်ါတင်ပြဆွေးနွေးထားခြင်း
ဖြစ်ပါသည်။ လူငယ်များပါဝင်ခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံသောတင်ပြချက် တစ်ခုမဟုတ်ဘဲ လူငယ်များ ထဲထဲဝင်ဝင် ပါဝင်နိုင်ရန် ဆွေးနွေးမှု အတွက် အစပြုသည့် ခြေလှမ်းအဖြစ် တင်ပြထားခြင်း
ဖြစ်ပါသည်။

မြန်မာ့လူငယ်များ၏ အသုံးမပြုရသေးသော အစွမ်းအစများကို မြှင့်တင်ခြင်း နှင့်ပတ်သက်၍
သင်မည်ကဲ့သို့ ပါဝင်နိုင်မည်ကို သိရှိနိုင်ရန် ကျွနု်ပ်တို့မှ ဖိတ်ခေါ်အပ်ပါသည်။ 

သင်တို့၏ တုံ့ပြန်ခြင်းနှင့် အကြံပေးချက်များကို analysis@paungsiefacility.org  သို့ ရေးသားပေးပို့စေလိုပါသည်။ 
့YEP Paper ENG.pdf
File Size: 9161 kb
File Type: pdf
Download File

YEP Paper MM.pdf
File Size: 138401 kb
File Type: pdf
Download File

Infographic_ENG.pdf
File Size: 203 kb
File Type: pdf
Download File

Infographic_MM.pdf
File Size: 252 kb
File Type: pdf
Download File


အမျိုးသမီးများ အသင့်ဖြစ်နေပြီ- မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အသွင်ကူးပြောင်းရာ၌ အခွင့်အလမ်းတစ်ခု 


Picture
         ဇန်န၀ါရီလ၊ ၂၀၁၆ခုနှစ်တွင် PSF မှ မြန်မာနိုင်ငံရှိ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ
နှင့်ပတ်သက်သော အမျိုးသမီးများအသင့်ဖြစ်နေပြီ ဆိုသည့် စာတမ်းကို ထုတ်ဝေခဲ့ပါသည်။
အသိအမှတ်ပြုလွှာတွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်ထုတ်ဝေကြောင်း
ဖော်ပြထားပါသည်။ PSFသည် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ  လုပ်ငန်းစဉ်များကို ပံ့ပိုး
ရန်ကတိက၀တ်ထားရှိပါသည်။ ထိုပံ့ပိုးမှုအတွက် ထောက်ပံ့ငွေအားလုံး၏ ခန့်မှန်းခြေ ၂၀ ရာခိုင်နှုန်းကို
တိုက်ရိုက်ပံ့ပိုးပေးရန် ဖြစ်ပါသည်။  

          ဤဆွေးနွေးမှု စာတမ်းသည်  တိကျခိုင်မာသော ကြေညာချက်တရပ် မဟုတ်ပါ။ ခက်ခဲသော
လုပ်ငန်းစဉ်တို့ကို ရှေ့ဆက်လုပ်ဆောင်နိုင်ရန်အတွက် အစပျိုးသော ခြေလှမ်းတစ်ရပ်သာဖြစ်ပါသည်။
ထို့အပြင်မြန်မာနိုင်ငံတွင် နိုင်ငံရေး၌ အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေးအတွက် မည်သည့်နေရာတွင်
မည်သို့သောနည်းလမ်းဖြင့် ပို၍တုံ့ပြန် သင့်သည်၊ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ပကတိအခြေအနေကို
ပြောင်းလဲရန် မည်သို့သော အကြောင်းအရာများကို ဖော်ထုတ်သိရှိရန် လိုအပ်နေသလဲ ဆိုတာကို
ထည့်သွင်းထားပါသည်။

            စာတမ်းအပိုင်း(၃)တွင်  မြန်မာနိုင်ငံ၏ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်
ငြိမ်းချမ်းရေး လုပ်ငန်း လုပ်ဆောင်နေသူများ အသုံးပြုထိုက်သော နည်းဗျူဟာနှင့် အကောင်းဆုံး
အလေ့အထများကို နိုင်ငံတကာ သက်သေသာတကများနှင့် ဖော်ပြထားပါသည်။ 
Women Are Ready ENG
File Size: 39306 kb
File Type: pdf
Download File

Infographic ENG
File Size: 343 kb
File Type: pdf
Download File

Women Are Ready MM
File Size: 5133 kb
File Type: pdf
Download File

Infographic MM
File Size: 570 kb
File Type: pdf
Download File


မြန်မာနိုင်ငံ၏အရှေ့ တောင် ဒေသအခြေအနေ ဆန်းစစ်ချက်

Picture
SE Situation Analysis MM lang
File Size: 818 kb
File Type: pdf
Download File

SE Situation Analysis low res.pdf
File Size: 5765 kb
File Type: pdf
Download File

SE Situation Analysis med res.pdf
File Size: 15978 kb
File Type: pdf
Download File

SE Situation Analysis high res
File Size: 44401 kb
File Type: pdf
Download File

             PSF နှင့်  မြန်မာသတင်း အချက်အလက် စီမံ ခန့်ခွဲမှုယူနစ် (MIMU)  တို့မှ ပူးတွဲလုပ်ဆောင်
သောမြန်မာနိုင်ငံ အရှေ့တောင်ဒေသ အခြေအနေ ဆန်းစစ်ချက်သည် အစီအစဉ်ပံ့ပိုးခြင်း၊ ငြိမ်းချမ်းရေး
အတွက်နည်းဗျူဟာနှင့် မူဝါဒချမှတ်ခြင်း၊ လူသားခြင်းစာနာမှု နှင့် ဖွံ့ဖြိုးရေးကဏ္ဍများ  ထောက်ပံ့မှု
အတွက်အရင်းအမြစ် ဖြစ်စေပါသည်။ ဆန်းစစ်ချက်တွင် ပါဝင်သော ဒေသများမှာ မွန်ပြည်နယ်၊
ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့နှင့်တောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသနှင့်
ပဲခူးတိုင်းဒေသကြီး တို့ဖြစ်ပါသည်။ 

              ဤအခြေအနေဆန်းစစ်ချက်သည် လိုအပ်ချက်အကဲဖြတ်ခြင်း နှင့် ကွာဟမှု ဆန်းစစ်ချက်
မဟုတ်ပါ။အခြေအနေပြောင်းလဲမှုဖြစ်စဉ်အတွင်း လျှပ်တပြက် ပြုလုပ်ချက် များသာဖြစ်ပါသည်။
မြန်မာနိုင်ငံအရှေ့တောင် ဒေသများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း၊ လူသားခြင်းစာနာမှုနှင့် ငြိမ်းချမ်းရေးကဏ္ဍများ
နှင့်သက်ဆိုင်သော နည်းလမ်းများကို ဖော်ထုတ်သောအဆင့်နှင့် အခြေအနေများလေ့လာသိရှိရန်
အသိပညာနှင့် အချက်အလက်များကို ပေါင်းစည်းထားခြင်း သာဖြစ်သည်။ စာတမ်းပါ အပိုင်းတိုင်းတွင် 
မြန်မာနိုင်ငံဒေသအရပ်ရပ်၏ အဓိကဖြစ်စဉ် နှင့် လက်ရှိ အခြေအနေများ သိရှိနားလည်စေရန်  
ဖော်ပြထားပါသည်။ 
 
             သတင်းအချက်အလက်များ စုံလင်စွာရရှိရန်အတွက် desk review  ပြုလုပ်ခြင်း နှင့် တွေ့ဆုံ
မေးမြန်းခြင်းကို  ၃၆ ဦးနှင့် ပြုလုပ်ထားပါသည်။ ၂၀၁၆ခုနှစ်တွင် တက်ရောက်သူစုစုပေါင်း ၃၂ဦးပါဝင်
သောအလုပ်ရုံဆွေးနွေးပွဲတွင် ရရှိထားသော သတင်းအချက်အလက်များ ပြန်လှန်စစ်ဆေးအတည်ပြု
ခြင်းများ ပြုလုပ်ခဲ့သည်။ ဤဆန်းစစ်ချက်စာတမ်းအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့
အစည်းအပါအ၀င် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တွေ့ဆုံမေးမြန်းခြင်းမှား မပြုလုပ်သည့်
အပြင်ရန်ကုန်ပြင်ပတွင် ဆွေးနွေးပွဲများ မပြုလုပ်ခဲ့ပါ။  ဆန်းစစ်ချက်စာတမ်းကို http://themimu.info/
se-situation-analysis
     တွင် ရယူနိုင်ပါသည်။ 
info@paungsiefacility.org
အမှတ် ၁၂ ဂျီ၊ အင်းယားလမ်း၊ ကမာရွတ်မြို့ နယ်၊ ရန်ကုန်မြို့ ။

  • အဖွင့်စာမျက်နှာ
  • ပင်မစာမျက်နှာ
  • ကျွနု်ပ်တို့ အကြောင်း
    • 'ပေါင်းစည်း'
    • ထုတ်ဝေပြီးသော စာတမ်းများ
  • လျှောက်ထားရန်
    • စံနှုန်းသတ်မှတ်ချက်များ
    • လျှောက်ထားမှုဆိုင်ရာ အဆင့်(၂)ဆင့်
    • လျှောက်လွှာပုံစံများ
  • ဆက်သွယ်ရန်