ဝီစီမှုတ်ခြင်း (တနည်းအားဖြင့် တိုင်တန်းခြင်း) ဆိုသည်မှာအဘယ်နည်း။
ဝီစီမှုတ်ခြင်းသည် ညံ့ဖျင်းသော ( သို့ )လက်ခံနိုင်စရာ မရှိသောအလေ့အထများ၊ နည်းလမ်းမကျမှုများ၊ လာဘ်စားခြင်း၊ အလွဲသုံးစားပြုခြင်း စသည်တို့ နှင့်
စပ်လျဉ်းသည့် စိုးရိမ်ပူပန်မှုများအား စိတ်ပူပန်မှုရှိသည့် ၀န်ထမ်းများနှင့် လုပ်ဖေါ်ကိုင်ဖက်များအတွက် လက်တုံ့ပြန်ခြင်းကိုကြောက်ရွံ့မှုကင်းစွာဖြင့် အဆင်ပြေစွာ
အသုံးပြုနိုင်သည့် ရှင်းလင်းပြီး မိမိဆန္ဒမပါဘဲ မိမိ၏အကြောင်းကိုမပေါက်ကြားနိုင်သည့် ဘေးကင်းလုံခြုံမှုရှိသည့်လမ်းကြောင်းမှတဆင့် ထုတ်ဖေါ်ခြင်းပင်
ဖြစ်ပါသည်။
PSF သည်ပေါင်းစပ်ပါဝင်ပြုရန်အတွက် အဆုံးစွန်သော ကတိပြုချက်ထားရှိပါသည်။ ကျွန်ုပ်တို့အများစုသည် ဤကတိပြုချက်လက်ကိုင်ထားပြီး ယင်းအတိုင်း
လုပ်ဆောင်လျက်ရှိပါသည်။ PSF ၏၀န်ထမ်းတစ်ဦး (သို့) မိတ်ဖက်အဖွဲ့အစည်းတစ်ခုခုသည် မိမိတို့ရန်ပုံငွေအဖွဲ့၏ မူဝါဒမှသွေဖီကာ သင့်လျော်မှန်ကန်မှုမရှိ
သော လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်ကို အခြားသောကျွန်ုပ်တို့၏၀န်ထမ်းများ (သို့) မိတ်ဖက်အဖွဲ့အစည်းများမှ စတင်သိရှိနိုင်သည်ကိုကျွနု်ပ်တို့
နားလည်သဘောပေါက်ပါသည်။ အဆိုပါသိရှိသူများအနေဖြင့် ၄င်းတို့အနေဖြင့် ထိုအကြောင်းထုတ်ဖေါ်ပြော ဆိုရန် ဘေးကင်းလုံခြုံစိတ်ချရသော
လမ်းကြောင်းတစ်ခုရှိသည်ဟုခံစားသိရှိမှု ရှိရန်လိုအပ်ပါသည်။ယင်းသို့သောအကြောင်းရင်းကြောင့် PSF သည် သင်၏ ပူပန်မှုများကို ဖေါ်ထုတ်ရန် ဘေးကင်း
လုံခြုံသော လျှို့ဝှက်မှုရှိသည့် ၀ီစီမှုတ်ခြင်းလမ်းကြောင်း။
(တိုင်တန်းခြင်း) ကို စီစဉ်ထားရှိပါသည်။ ဤလမ်းကြောင်းမှတဆင့် PSF ၏ညွှန်ကြားရေးတစ်ဦးတည်းထံသို့ တိုက်ရိုက်ပေးပို့နိုင်မည်ဖြစ်ပါသည်။
သင့်အနေဖြင့် အောက်ပါလမ်းကြောင်းများမှတဆင့် ၀ီစီမှုတ် (တိုင်တန်း) နိုင်မည့်ဖြစ်ပါသည်။
၁။ အောက်တွင်ပါရှိသော ပုံစံကိုအသုံးပြုကာ ဖြစ်စဉ်သေးစိတ်အားဖြည့်စွက်လျက် သင်၏စိုးရိမ်ပူပန်မှုအား လျှို့ဝှက်စွာပေးပို့နိုင်ပါသည်။ အကယ်၍
သင်၏နာမည်နှင့် အီးမေးလ်လိပ်စာမပေးရန်ရွေးချယ်ထားပါက အမည်မသိသူတစ်ဦး အနေဖြင့်ပေးပို့နိုင်မည်ဖြစ်ပါသည်။
၂။ သင်၏စိုးရိမ်ပုပန်မှုအား စာအိတ်ပေါ်တွင် ”ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့်လျှို့ဝှက်” ဟုရေးသားလျက်အောက်ဖေါ်ပါလိပ်စာသို့ပေးပို့နိုင်ပါသည်။
ညွှန်ကြားရေးမှူး
ပေါင်းစည်း လုပ်ငန်းအဖွဲ့ 
အမှတ် ၁၃၅၊ အေ (၁) ၊
သံလွင်လမ်း၊ ကမာရွတ်မြို့ နယ်၊
ရန်ကုန်မြို့ ။